ဝေဖန်မှုတွေကြားက ဘွဲ့တစ်ခုကိုရအောင် ယူနိုင်ခဲ့ပြီဖြစ်တဲ့ အိမ့်ထရက်ရှာရဲ့ အောင်မြင်နေတဲ့ပုံရိပ်များ

မော်ဒယ်လောကမှာ နာမည်တစ်လုံးနဲ့ ချစ်စရာကောင်းလောက်အောင် ဆွဲဆောင်နိုင်သူလေး အိမ့်ထရက်ရှာကတော့ ဘွဲ့ရရှိသွားပါပြီတဲ့နော်။ပရိသတ်တွေရှေ့ကို မြန်မာအိုင်ဒေါပြိုင်ပွဲကနေတဆင့် ရောက်လာပြီး ပိုမိုလူသိများလာခဲ့တဲ့သူမကတော့ အားပေးတဲ့ Fan တွေ အခိုင်အမာရရှိထားသူလေးပါ။

ခက်ခဲတဲ့လမ်းကြောင်းတစ်ခုပေါ်မှာ လျှောက်လှမ်းနေရင်း ကြုံတွေ့လာရတဲ့ ကံကြမ္မာကလည်း သူမအတွက်တော့ တော်တော်ကိုဆိုးဝါးလှပါတယ်။ အိမ့်ထရက်ရှာကတော့ အဲဒီအခက်အခဲတွေကြားကနေ ပြန်လည်ရုန်းထနိုင်ခဲ့ပြီးတော့ သူမဆက်လျှောက်ရမယ့် အနုပညာအတွက် အားအင်သစ်တွေမွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။

မော်ဒယ်မလေး အိမ့်ထရက်ရှာကတော့ ဒီလိုအခက်ခဲတွေများစွာကြားကနေ သူမရဲ့ပညာရေးအတွက် ဘွဲ့တစ်ခုကို ရအောင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူမကတော့ လိပ်လိုတဖြေးဖြေးနဲ့သွားနေရာကနေ ဘွဲ့ရသွားပါပြီတဲ့ သူမကို ဂုဏ်ပြုပေးကြဖို့လည်းပရိသတ်ကြီးကို တောင်းဆိုလိုက်ပါသေးတယ်။ သူမရဲ့ Pre Convo ပုံရိပ်လေးတွေနဲ့အတူ ဂုဏ်ပြုစကားလေး ပြောပေးလိုက်ကြပါဦးနော်

Comments