လူယုံသတ်လို့ မသေတာ ကံကောင်းသွားခဲ့ရတဲ့ စူးရှထက်ရဲ့ အဖြစ်

မော်ဒယ်စူးရှထက်ကတော့ ယခုရက်ပိုင်းအတွင်းမှာ အတိုက်အခိုက်တွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ မော်ဒယ်စူးရှထက်ဟာ အဆိုတော် အစ္စဏီကို တရားစွဲဆိုထားသူတစ်ဦးဖြစ်ပြီးတော့ လက်ရှိမှာလည်း ထိုအမှုအခင်းကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကမှ သူမအိမ်မှာ နေဖို့ ခေါ်ထားတဲ့ သူတစ်ယောက်ကသူမရဲ့ ဖုန်းတွေကို ခိုးယူသွားခဲ့တယ်လို့ အကောင့်မှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။ ခိုးယူပြီးထွက်ပြေးသွားတဲ့သူဟာ သူမအိမ်ကိုပြန်လည်ရောက်လာပြီး သူခိုးလူပြန်ဟစ်ကာ မယူပါဘူးလို့ ပြောနေတာကြောင့် ရပ်ကွက်ကိုအကူညီတောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဖုန်းခိုးယူသွားရတဲ့ရည်ရွယ်ချက်ကလည်း သူများလုပ်ခိုင်းတာကြောင့်လို့ ဝန်ခံထားပါတယ်လို့ဆိုပါတယ်။ စူးရှထက်တစ်ယောက်ကတော့ လူယုံသတ်လို့ မသေတာကံကောင်းသွားတယ်ဆိုပြီး ယနေ့ မနက်ပိုင်းက သူမအကောင့်မှာတင်ထားပြီး သတိထားကြဖို့ သတိပေးထားတာဖြစ်ပါတယ်။

“အစထဲက တင်ဖို့ အစီစဉ်မရှိပါဘူး အိမ်မှာအလုပ်လုပ်ဖို့ခေါ်ထားတာပါ သူခိုးက လူပြန်ဟစ်နေလို့ သူမယူပါဘူးလျှောက်ပြောနေလို့ အခုလိုတင်လိုက်ရတာပါ သနားလို့ လမ်းစရိတ်ပေးပြီပြန်လွှတ်ပေးလိုက်တာကို နောက်နေ့ပြန်လာပြီးတံခါးလာခေါက်လို့ ရပ်ကွက်က ကူညီပေးကြလို့ စူးရှထက်ဘာမှ မဖစ်တာပါ သူ့ကိုမေးတော့ သူများလုပ်ခိုင်းတာပါတဲ့ ဖုန်းထဲက အချက်အလက်တွေလိုချင်လို့ပါတဲ့ နာမည်ပါပြောသွားတာနော် ဘယ်သူလဲဆိုတာတော့ လိုအပ်လာရင် ထပ်ပြောပါမယ် ပြန်လွှတ်ပေးလိုက်ပါတယ် သနားလို့ အခြောက်မပါ လူယုံသတ်လို့မသေတာ ကံကောင်း သတိထားကြပါ🙏🏻” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

စူးရှထက်ကတော့ လက်ရှိမှာ ဖိုတိုမော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပြီးတော့ Tik Tok ဗီဒီယိုတွေလည်း မကြာခဏ ဆော့လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။We Love Cele

Comments