တချိန်က ဝါရင့်အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ ဦးချစ်ကောင်း

တချိန်က ဝါရင့်အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ ဦးချစ်ကောင်းကတော့ သားသမီး (၆) ယောက်ရဲ့ဖခင်ဖြစ်နေပါပြီ။ သမီးဖြစ်သူ အိမ့်ချစ်က ဂီတလောကမှာ အောင်မြင်နေပြီဖြစ်တဲ့ အဆိုရှင်တစ်ဦးဖြစ်နေသလို သားဖြစ်တဲ့ ဂျူနီယာချစ်ကောင်းကလည်း မကြာခင်မှာ ဂီတလောကကို ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ အဆိုတော် ချစ်ကောင်းဟာ ဒုတိယအိမ်ထောင်နဲ့မွေးဖွားခဲ့တဲ့ သားသမီး (၃) ယောက် ရှိပြီးတော့ သူတို့လေးတွေရဲ့နာမည်လေးကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

“သားငယ်ရဲ့ နာမည်က နေချစ်ကောင်း၊ အလတ်မသမီး မေချစ်ကောင်း၊ အကြီးဆုံးကြီးကတော့ အကို့နာမည်အရင်းက ခင်မောင်ညွှန့် ၊ ချစ်ကောင်းနာမည်မပါဘူး ဒါပေမယ့် သူ့အမေက အိစံပါယ်တဲ့ အဲ့တော့ကိုယ်က ခင်မောင်ညွှန့်နာမည်အရင်း ခင်လည်းပါတယ်။ သူ့အမေနာမည်လည်းပါတယ်။ အိစံပယ် ခင်မောင်ညွှန့်က မွေးတဲ့သမီးကြီးက ခင်စံပယ်တဲ့ ”

အဆိုတော် ချစ်ကောင်းကတော့ အိမ်ထောင်ရေးတစ်ခုမှာ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးဆိုတာမရှိဘူးလို့ ဆိုပါတယ်။ သုခ၊ ဒုက္ခတွေမျှဝေခံစားနေရတဲ့ အိမ်ထောင်ရေးတွေဖြစ်ပြီးတော့ အမြဲတစ်ဘက်စွန်းမရောက်အောင် ထိန်းကျောင်းပြီးဖြတ်သန်းတဲ့ပုံလေးကို ပြောပြလာပါတယ်။

” အိမ်ထောင်ရေးမှာ Perfect ဆိုတာတော့မရှိပါဘူး။ စိတ်ညစ်စရာတွေလည်းကြုံမယ်။ Life ဆိုတာ အားလုံးက Struggles လုပ်ကြတာပါ။ ဖြတ်သန်းကြရတာလေ အောင်မြင်လာတဲ့လူမှာလည်း သူ့အထိုက်အလျောက်တော့ သူရှိတာပဲ ။ စိတ်ညစ်စရာတွေလည်း ကြုံမယ်။ အခက်အခဲတွေလည်းကြုံမယ်။ ပျော်စရာအချိန်တွေလည်းရှိမယ်။ ဒါကိုပဲ အကောင်းရောအဆိုးရောမျှနေအောင်တော့ ကိုယ့်ကိုထိန်းကျောင်းပြီး ဖြတ်ရတာပေါ့။”

ခုခေတ်မှာ သားသမီး (၆) ယောက်ရဲ့ ဖခင်တစ်ယောက်ဖြစ်ရတာမလွယ်ကူပါဘူး။ ချစ်ကောင်းအနေနဲ့တော့ သားသမီး (၆) ယောက်ရဲ့ ဖခင်ဖြစ်ရတာ တော်တော်စွမ်းတယ်လို့ဆိုပါတယ်။

“သားသမီး (၆) ယောက်ရဲ့ ဖခင်ဖြစ်ရတာတော့ ငါတော်တော်စွမ်းတဲ့ကောင်ပဲ။ ကလေးတွေအများကြီးမွေးဖို့ သိပ်ပြီးမလွယ်တော့တဲ့ခေတ်လေ။” လို့ ဆယ်လီရပ်ကွက်အင်တာဗျူးကနေတဆင့် ပြောပြလာတာဖြစ်ပါတယ်။ ပထမအိမ်ထောင်ကသားသမီးတွေကလည်း ယခုသားသမီးတွေနဲ့တည့်ပြီး ချစ်ကြတယ်လို့ ချစ်ကောင်းက ပြောပြထားပါတယ်။

Comments