နာရီပိုင်းအတွင်းမှာ ရေပန်းစားလူကြိုက်များသွားတဲ့ တေးရေး ဝေကြီးရေးပြီး ကော်နီသီဆိုထားတဲ့ “ဆေး”

တေးရေး ဝေကြီးလို့ဆိုလိုက်တာနဲ့ ပြောင်မြောက်တဲ့ အနုပညာဖန်တီးချက်တွေနဲ့အတူ ပရိသတ်တွေရဲ့ ရင်ထဲအရောက်ပို့နိုင်ခဲ့တဲ့ သီချင်းတွေကို ပြေးမြင်မိမှာအသေချာပါပဲ။ မကြာသေးခင်ကမှ Shwe FM ကပေးတဲ့ ဆုကို ပူပူနွေးနွေးရရှိထားတဲ့ တေးရေး ဝေကြီးကတော့ အနုပညာဖန်တီးမှုအသစ်တစ်ခုကို ပရိသတ်တွေဆီ ချပြလိုက်ပြီဖြစ်ပါတယ်။

ဆေး ဆိုတဲ့ သီချင်းလေးကို ရေးသားထားပြီးတော့ ဝါရင့်အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ ကော်နီက ပုံဖော်အသက်သွင်းထားတာဖြစ်ပါတယ်။ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အနုပညာဖန်တီးမှုတွေမှာ မခေသူတစ်ဦးဖြစ်လှတဲ့ ဝေကြီးနဲ့ အဆိုပိုင်းမှာ ဝါရင့်နေပြီဖြစ်တဲ့ ကော်နီတို့ပေါင်းစပ်မှုရဲ့နောက်မှာတော့ အံ့မခန်းတဲ့ရလဒ်ကောင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။

အသည်းကွဲသီချင်းတစ်ပုဒ်ဖြစ်ပြီးတော့ တကယ်ကို Heart ထိစေမယ့် သီချင်းစာသားလေးတွေနဲ့အတူ ပရိသတ်ကြီးနားထောင်ခံစားကြည့်လိုက်ပါနော်။ စကားလုံးနဲ့ဖော်ပြခွင့်ရှိရင်တောင် အနုပညာရသပေါ့သွားမှာစိုးလို့ ပရိသတ်ကြီးကို နှလုံးသားနဲ့ခံစားနားဆင်ကြည့်ပေးပါလို့ တောင်းဆိုပါရစေ

Comments